Tuesday, August 17, 2010

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ ထုတ်ပြန်

အရပ်သားအမျိုးသားလွှတ်တော် (အထက်လွှတ်တော်) ကိုယ်စားလှယ် (၁၆၈) ဦးစီ ရွေးချယ်တင်မြှောက်နိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ် ပြန်လိုက်သည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များအလိုက် နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများမှ ပြည်နယ်၊ တိုင်းဒေသကြီး တခုစီအတွက် အထက်လွှတ်တော် အမတ် (၁၂) ဦးစီကို ယခု သတ်မှတ်လိုက်သည့် မဲဆန္ဒနယ်အလိုက် လူထုက ရွေးချယ်ပေးရမည်ဖြစ်သည်။

“ပြည်နယ် တိုင်းဒေသကြီး (၁၄) ခုက (၁၂) ယောက်စီလာမယ်။ အဲဒီ (၁၂) ယောက်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတွေက အမတ် (၁) ယောက်စီ ပေးခွင့်ရှိတယ်။ ပြည်နယ်တိုင်း ဒေသတခုစီကို အရပ်သားက ရွေးပေးရမှာ အမတ် (၁၂) ယောက်၊ စစ်တပ်က ဒီတိုင်း ထည့်မှာ (၄) ယောက်။ အဲတော့ ပြည်နယ်တိုင်း ဒေသတခုကို အမတ် (၁၆) ယောက်ရှိမယ်” ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတဦးက ပြောသည်။

ပြည်ထောင်စုလွှတ်တော် (အောက်လွှတ်တော်) မှ ဥပဒေကြမ်းများကို စိစစ်မည့် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) အတွက် ပြည်သူလူထုက အမတ်လောင်း (၁၆၈) ဦး ရွေးချယ်ရမည်ဖြစ်ပြီး စစ်ဦးစီးချုပ်က စစ်ဗိုလ် (၅၆) ဦးကို အမတ်အဖြစ် တိုက်ရိုက်ခန့်အပ်မည်ဖြစ်ရာ အထက်လွှတ်တော်အမတ် စုစုပေါင်း (၂၂၄) ဦး ရှိမည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (စစ်ကိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ရှမ်း)၊ ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ရှမ်း)၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ရှမ်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ရှမ်း)၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (ရှမ်း) တို့ကို အထက်လွှတ်တော် မဲဆန္ဒနယ်မြေ တခုစီအဖြစ် သတ်မှတ်ပေးပြီး ယင်းဒေသများမှ အထက်လွှတ်တော်အမတ် (၁) ဦးစီ ရွေးချယ်ပေးရမည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းမှုကို ယခုလ သြဂုတ် (၁၆) ရက်မှ (၃၀) ရက်အတွင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းက အမည်စာရင်း တင်သွင်းမှုကို ပယ်ဖျက်လိုပါက စက်တင်ဘာ (၃) ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လာမည့် စက်တင်ဘာ (၆) ရက်မှ (၁၀) ရက်အတွင်း အပြီးသတ်စိစစ်မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်လိုသူများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ငွေကျပ် (၅) သိန်းဖြင့် အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များထုတ်ပြန်

အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်များကို ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံပိုင် သတင်းစာများတွင် အောက်ပါအတိုင်း
ထုတ်ပြန်လိုက်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးတခုစီလျှင် မဲဆန္ဒနယ် ၁၂ ခုစီဖြင့် စုစုပေါင်း မဲဆန္ဒနယ် ၁၆၈ ခုအတွက် သတ်မှတ်ချက်များဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ထပ်မံထုတ်ပြန်လိုက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းကို သြဂုတ် ၁၆ ရက်မှသည် သြဂုတ် ၃၀ အတွင်း လုပ်ရမည်ဟု မြန်မာအသံမှတဆင့် ထုတ်လွှင့်ချက်တွင် ပါရှိသည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ

ကချင်ပြည်နယ်

1. မြစ်ကြီးနား
2. ဝိုင်းမော်
3. တနိုင်း
4. ချီဗွေ၊ ဆော့လော်၊ အင်ဂျန်းယန်
5. မိုးညှင်း ၁
6. မိုးညှင်း ၂
7. မိုးကောင်း
8. ဖားကန့်
9. ဗန်းမော်
10. မိုးမောက်
11. မံစီ၊ ရွှေကူ
12. ပူတာအို

ကယားပြည်နယ်

1 လွိုင်ကော် ၁
2 လွိုင်ကော် ၂
3 ဒီမောဆို ၁
4 ဒီမောဆို ၂
5 ဖရူဆို ၁
6 ဖရူဆို ၂
7 ရှားတော ၁
8 ရှားတော ၂
9 ဘောလခဲ
10 ဖားဆောင်း ၂
11 ဖားဆောင်း၂

ကရင်ပြည်နယ်


1 ဘားအံ ၁
2 ဘားအံ ၂
3 လှိုင်းဘွဲ့ ၁
4 လှိုင်းဘွဲ့ ၂
5 ဖာပွန် ၁
6 ဖာပွန်၂
7 သံတောင်ကြီး
8 မြဝတီ
9 ကော့ကရိတ် ၁
10 ကော့ကရိတ် ၂
11 ကြာအင်းဆိပ်ကြီး ၁
12 ကြာအင်းဆိပ်ကြီး ၂

ချင်းပြည်နယ်

1 ဖလမ်း ၁
2 ဖလမ်း ၂
3 ထန်တလန်
4 ဟားခါး
5 တီးတိန် ၁
6 တီးတိန် ၂
7 တွန်းဇံ
8 မင်းတပ်
9 မတူပီ
10 ကန်ပက်လက်
11 ပလက်ဝ ၁
12 ပလက်ဝ ၂

စစ်ကိုင်းတိုင်း

1 စစ်ကိုင်းခရိုင်
2 ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း
3 ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်
4 မုံရွာ၊ ဘုတလင်၊ အရာတော်
5 ချောင်းဦး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီ
6 ကသာ၊ ထီးချိုင့်၊ အင်းတော်
7 ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး
8 ကလေးခရိုင်
9 တမူးခရိုင်
10 မော်လိုက်ခရိုင်
11 ခန္တီး၊ ဟုမ္မလင်း
12 လေရှီး၊ လဟယ်၊ နန်းယွန်း (နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသ)

တနင်္သာရီတိုင်း

1 ထားဝယ် ၁
2 ထားဝယ် ၂
3 လောင်းလုံ
4 သရက်ချောင်း
5 ရေဖြူ
6 မြိတ် ၁
7 မြိတ် ၂
8 ကျွန်းစု
9 ပုလော
10 တနသာၤရီ
11 ကော့သောင်း
12 ဘုတ်ပြင်း

မကွေးတိုင်း

1 ရေနံချောင်း၊ ချောက်
2 နတ်မောက်၊ မြို့သစ်
3 တောင်တွင်းကြီး
4 မင်းဘူး၊ ပွင့်ဖြူ
5 စလင်း၊ စေတုတ္တရာ၊ ငဖဲ
6 သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှ
7 အောင်လံ၊ ဆင်ပေါင်ဝဲ
8 ပခုက္ကူ၊ ဆိပ်ဖြူ
9 ရေစကြို
10 မြိုင်၊ ပေါက်
11 ဂန့်ဂေါ၊ ထီးလင်း၊ ဆော

ပဲခူးတိုင်း
1 ပဲခူး
2 သနပ္ပင်၊ ကဝ
3 ဝေါ၊ ဒိုက်ဦး၊ ရွှေကျင်
4 ညောင်လေးပင်၊ ကျောက်တံခါး
5 တောင်ငူ၊ ရေတာရှည်
6 ကျောက်ကြီး၊ ဖြူး
7 အုတ်တွင်း၊ ထန်းတပင်
8 ပြည်၊ပေါက်ခေါင်း၊ ပန်းတောင်း
9 ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်
10 သာယာဝတီ၊ လက်ပံတန်း
11 မင်းလှ၊ အုတ်ဖို၊ မိုးညို
12 ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်

မန္တလေးတိုင်း

1 အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပုသိမ်ကြီး
2 ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အမရပူရ
3 ပြင်ဦးလွင်ခရိုင်
4 ကျောက်ဆည်ခရိုင်
5 မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းစွန်း
6 တောင်သာ၊ ကျောက်ပန်းတောင်း
7 ညောင်ဦးခရိုင်
8 ရမည်းသင်းခရိုင်
9 နေပြည်တော် ၁
10 နေပြည်တော် ၂
11 မိတ္ထီလာ၊ မလှိုင်
12 သာစည်နှင့် ဝမ်းတွင်း

မွန်ပြည်နယ်

1 မော်လမြိုင် ၁
2 မော်လမြိုင် ၂
3 ကျိုက်မရော
4 ချောင်းဆုံ
5 သံဖြူဇရပ်
6 မုဒုံ
7 ရေး
8 သထုံ ၁
9 သထုံ ၂
10 ပေါင်
11 ကျိုက်ထို
12 ဘီးလင်း

ရခိုင်ပြည်နယ်

1 စစ်တွေ
2 မြောက်ဦး
3 ကျောက်တော်
4 မင်းပြား
5 ပေါက်တော၊ မြေပုံ
6 ရသေ့တောင်၊ မြေပုံ
7 ရသေ့တောင်၊ ပုဏ္ဏားကျွန်း
8 မောင်တော ၁
9 မောင်တော ၂
10 ဘူးသီးတောင်
11 ကျောက်ဖြူ၊ မာန်အောင်
12 ရမ်းဗြဲ၊ အမ်း
13 သံတွဲခရိုင်

ရန်ကုန်တိုင်း

1 ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ
2 ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သာကေတ
3 တောင်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ကန်းကျွန်း
4 တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်
5 မရမ်းကုန်း၊ ဗဟန်း၊ ဒဂုံ၊ စမ်းချောင်း ပန်းဘဲတန်း၊ ကျောက်တံတား
6 ကမာရွှတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း
7 ခရမ်း၊ သုံးခွ၊ ကိုကိုးကျွန်း
8 သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို
9 တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း
10 အင်းစိန်၊ မင်္ဂလာဒုံ
11 ရွှေပြည်သာ၊ လှိုင်သာယာ၊ ထန်းတပင်
12 တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး

ရှမ်းပြည်နယ်

1 တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလေ၊ ဖယ်ခုံ
2 လွိုင်လင်ခရိုင်၊ လင်းခေး ခရိုင်
3 လားရှိုး၊ တန်းယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ
4 ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နောင်ချို၊ မိုးမိတ်၊ မဘိန်း
5 မူဆယ်ခရိုင်
6 ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းလား
7 တာချီလိတ်၊ မိုင်းဆက်၊ မိုင်းဖြတ်
8 ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ (ရွာငံ၊ ပင်းတယ)
9 ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း)
10 ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (နမ့်ဆန်၊ မန်တုံ)
11 ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း)

ဧရာဝတီတိုင်း

1 ပုသိမ်
2 ကန်ကြီးဒေါင့်၊ သာပေါင်း၊ ကျောင်းကုန်း
3 ကျုံပျော်၊ ရေကြည်
4 ဟင်္သာတ၊ ဇလွန်
5 လေးမျက်နှာ၊ အင်္ဂပူ
6 မြန်အောင်၊ ကြံခင်း
7 မြောင်းမြခရိုင်
8 မအူပင်၊ ညောင်တုန်း
9 ပန်းတနော်၊ ဓနုဖြူ
10 ဖျာပုံ၊ ဒေးဒရဲ
11 ဘိုကလေး၊ ကျိုက်လတ်
12 လပ္ပတ္တာခရိုင်

Friday, August 13, 2010

အသိပေးအကြောင်းကြားခြင်း

 thechinuniversity.co.cc ၀ဘ်ဆိုဒ်သည် မည်သူမဆို အင်တာနက်တွင် အခမဲ့ပညာလေ့လာဆည်းပူး နိုင်ရန် အတွက်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။ အထူးသဖြင့် မြန်မာလူမျိုးများ အတွက် ပညာဗဟုတုတ ရှာဖွေနိုင်ရန် အတွက်ရည်ရွယ်ခြင်းဖြစ်သည်။ နိုင်ငံတကာတွင် ရောက်ရှိနေကြသော မြန်မာပြည် ဖွား တိုင်း ရင်းသားညီအ ကိုမောင်နှမ များ ပညာဗဟုသုတကို လွတ်လပ် လွယ်ကူစွာရှာမှီးနိုင်ရန် အတွက်လည်း ဤ၀ဘ်ဆိုဒ်ကို တူဆောက်ရခြင်းဖြစ်သည်။ "ပညာအလင်း ဖြင့် ကမ္ဘာသူကမ္ဘာသားများအား လုပ်ကျွေး နိုင် ရန်၊အုတ်ကောင်း တစ်ချပ်၊ သဲကောင်းတစ်ပွင့်၊ မိမိ ကျရာတာဝန် ကဏ္ဍကို ကျေပြွန်စွာထမ်းဆောင်နိုင်ရန် အတွက်"  ရည်ရွယ်ပါသည်။


"လူသားတိုင်း အခဲမဲ့ ပညာရေးစနစ်သစ်ဖြင့် မိမိဘ၀ကို အသစ်တည်ဆောက်မြှင့်တင်
နိုင်ပါစေ။"


ဒိုင်ရ်သက်ဆော

How to cook Myanmar Curries (မြန်မာဟင်းချက်နည်းများ)

LuLuCookingFinal.pdf

Thursday, July 29, 2010

Using Adobe Premiere Pro CS4

Using Adobe Premiere Pro CS4